ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ
Post date: Tue, 10/17/2017 - 20:09
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဖင်လန်နိုင်ငံသံအမတ်ကြီးနှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ရုံး၏ သံအမတ်ကြီးတို့ ခန့်အပ်လွှာပေးအပ်
Post date: Tue, 10/17/2017 - 19:46
ပြည်ထောင်စုသမ္မတ မြန်မာန်ိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စ ရိကာ လာတူ သည် ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် USIP ၏ အကြီးတန်းအကြံပေးအရာရှိနှင့် ဖိလစ်ပိုင်နိုင်ငံ ကြက်ခြေနီအဖွဲ့မှ ဥက္ကဋ္ဌနှင့်အဖွဲ့တို့အား သီးခြားစီ လက်ခံတွေ့ဆုံ
Post date: Tue, 10/17/2017 - 19:22
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် United States Institute of Peace (USIP) ၏ အကြီးတန်းအကြံပေးအရာရှိနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Mr. Derek J. Mitchell အား ယနေ့ နံနက် ၁၀ နာရီတွင်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ ကြက်ခြေနီအဖွဲ့ 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကျင်းပ
Post date: Tue, 10/17/2017 - 18:12
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့စတင်ကျင်းပ
Post date: Tue, 10/17/2017 - 18:04
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ
Post date: Sun, 10/15/2017 - 21:46

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ၏ နိုင်ငံရေးဌာနဆိုင်ရာ ဒုတိယ အတွင်းရေးမှူးချုပ် Mr Jeffery Feltman နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်  နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-1) ၌ လက်ခံ တွေ့ဆုံသည်။

ဒုတိယဝန်ကြီး ဦးစိုးအောင် ရခိုင်ပြည်နယ်အတွင်း ရေတို၊ ရေရှည်လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ရေး ကွင်းဆင်းဆောင်ရွက်
Post date: Sun, 10/15/2017 - 21:37

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ကော်မတီဝင်များ ဖြစ်ကြသည့် ဌာနဆိုင် ရာများမှ တာဝန်ရှိသူများသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန် ချက်ပါ အဓိကလုပ်ငန်းစဉ် ၃ ရပ် လျှင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရခိုင် ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်သည်။

1
2
3
4
5
6
7

MRTV News

IPRD News

NPE News

 

PPD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ဒီမိုကရေစီအနှစ်သာရများကို အပြည့်အဝရရှိခံစားနိုင်ကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သ လိုက်ပါတယ်။

ဦးစွာ ပထမ၊ ကျွန်မတို့နိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ နားလည်မှု အပြည့်အဝနဲ့ စည်းစည်းလုံးလုံး ကျွန်မတို့အစိုးရကို ဝန်းရံပေးတဲ့အတွက်၊ အင်မတန်မှ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ပြည်သူရဲ့ ထောက်ခံမှု၊ ပြည်သူရဲ့ ယုံကြည်မှု၊ ပြည်သူရဲ့ ညီညွှတ်မှုနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဘာအင်အား မှမရှိပါဘူး။ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံတွေ့ရပါစေ၊ ပြည်သူရဲ့ ညီညွှတ်မှုအင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။
 

ယနေ့အခမ်း အနားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုဘက်စုံ လေ့လာဆန်းစစ်ခြင်း (Diagnostic Trade Integration Study-DTIS) အစီရင်ခံစာ၏ နောက်ဆက်တွဲလုပ်ငန်းစဉ်အဖြစ် ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အပြီး သတ်ရေးဆွဲပြီးဖြစ်သည့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း (Medium Term Programme-MTP) အစီရင်ခံစာကို ထုတ်ပြန်သည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)က ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ် Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်အောက်ရှိ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း။

သိမ်းဆည်းခံလယ်ယာမြေများ၊ အခြား မြေများ ကို မူလပိုင်ရှင်ပြည်သူများ လက်ဝယ်ကို ပေးအပ်နိုင်ရန် အတွက် နိုင်ငံတော်အနေဖြင့် မူဝါဒများ၊ လမ်းညွှန်ချက် များ ချမှတ်ပြီး ဆောင်ရွက်နေကြာင်း၊ မြေယာကိစ္စသည်  ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်း အထောက်အထားနှင့် ဥပဒေကြောင်းအရ ညီညွတ်မှု စသည့်အချက်များနှင့် စိစစ်ဆောင်ရွက်ရသည့်အတွက် ကိုင်တွယ်ဖြေရှင်းရာ တွင်  သေချာရန် အချိန်ယူရကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားသည့်အတိုင်း ကရုဏာနှင့် ယှဉ်ပြီးတရား မျှတမှုရရှိအောင် အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေး နေကြောင်း။ လယ်သမားများအတွက် လယ်ယာမြေသည် အသက်သွေးကြောဖြစ်ကြောင်း၊ မိမိတို့စိုက်ပျိုးရေးနိုင်ငံ အတွက် လယ်သမားများသည်လည်း အသက်သွေး ကြောပင်ဖြစ်ကြောင်း၊သို့ဖြစ်၍ လယ်သမားများအတွက်  အသက်တမျှ အရေးကြီးလှသည့် လယ်ယာမြေများ ပြန်လည်ရရှိရန် မိမိတို့အစိုးရအနေဖြင့် ဦးစားပေး အထူး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ပြီး ဆောင်ရွက်နေပါ ကြောင်း။

ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းများ

မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ဖြစ်ထွန်း ပေါ်ပေါက် ရန်အတွက် နှစ်ကာလများစွာကတည်းက လိုလားတောင့်တခဲ့ကြပြီး ရုန်းကန် လှုပ်ရှားမှုများကို လည်း အစဉ်တစိုက် ပြုလုပ်ခဲ့ကြပါကြောင်း။