တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးနှင့် ပျဉ်ပုံကြီးတပ်နယ်တို့မှ အရာရှိ၊ စစ်သည်များနှင့်တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန် ရှိသူများနှင့်အတူ ပျဉ်ပုံကြီးတပ်နယ်ရှိ အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာ ချထားရေးတပ်သို့ ရောက်ရှိပြီး တပ်အတွင်းရှိDYL ဝက်များ မွေးမြူထားရှိမှု၊ နို့စားနွားများ မွေးမြူထားရှိမှု၊ အအေးပေးစနစ်ဖြင့် Novogen Brown ဥစား ကြက်များ မွေးမြူထားရှိမှု၊ မွေးမြူရေးအစာစက်ရုံ၊ Green House ဖြင့် သခွားမွှေး ပင်များ စိုက်ပျိုးထားရှိမှု၊ ပျိုးစေ့များ သိုလှောင်ထုပ်ပိုးနေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးနှင့် ပျဉ်ပုံကြီးတပ်နယ်တို့မှ အရာရှိ၊ စစ်သည်များအား ပျဉ်ပုံကြီးတပ်နယ်ရှိ အားကစား ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်များအတွက် သုတ၊ ရသ စာအုပ်၊ စာစောင်များ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)က စားသောက်ဖွယ်ရာများ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)က အားကစားပစ္စည်းများကို ပေးအပ်ကြသည်။

ထို့နောက် တပ်မတော်အသက်မွေးမှု အတတ်ပညာသင်စခန်းသို့ ရောက်ရှိကြပြီး ဟိုတယ်၊ မိုတယ်လုံခြုံရေးသင်တန်း၊ ပိုးဇာပုံနှိပ်တံဆိပ်နှင့် ဆေးဆိုးပန်းရိုက်သင်တန်း၊ မှန်ပန်းချီ၊ ေၾ<ြကပန်းချီသင်တန်းနှင့် ဆံသသင်တန်းများအား လိုက်လံကြည့်ရှုကာ ကျောင်းပြခန်းအတွင်း ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ သင်တန်းသား များ၏ လက်ရာထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။

အဆိုပါ တပ်မတော်အသက်မွေးမှု အတတ်ပညာသင်စခန်းတွင် အသက်မွေး ဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်း ၁၉ မျိုးကို ပုံမှန်ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး တပ်မတော်သားများသာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါ တက်ရောက် သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)