ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်ကယ်ဆယ်ခဲ့သည့် ဟိန္ဒူမိသားစုဝင်များအားအလှူငွေများထောက်ပံ့ပေးအပ်

မောင်တော အောက်တိုဘာ ၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည် ကယ်ဆယ်ရောက်ရှိလာခဲ့သည့် ဟိန္ဒူဘာသာဝင်မိသားစုများအား အောက်တိုဘာ ၇ ရက်ညပိုင်းက မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံနှစ်သိမ့်အားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ခမောင်းဆိပ်ကျေးရွာတွင်နေထိုင်သည့် ဟိန္ဒူမိသားစုဝင်များအား ARSA အစွန်းရောက် အကြမ်းဖက်သမားများက ဖမ်းဆီးခေါ် ဆောင်သွားကာ ရဲဘော်ကျရွာ အနီးတွင် အမျိုးသားများအား သတ်ဖြတ်ပြီး အမျိုးသမီး(၈)ဦးနှင့် ကလေးငယ်(၈)ဦး စုစုပေါင်း (၁၆)ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ခြင်းကြောင့် သံတမန် လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် အဆိုပါဟိန္ဒူဘာသာဝင်မိသားစုများအတွက် ငွေကျပ်သိန်း(၆၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သန့်ဇင်ဝင်း၊ နိုင်လင်းကြည်

News catagoris: