ညောင်ဦးမြို့နယ် ကန်တောကျေးရွာ ဘက်စုံသုံး သီးနှံစိုက်ပျိုးမြေ ဧက(၃၀၀)စံပြကွက် အတွက် သဘာဝမြေဩဇာပြုလုပ်နည်း တောင်သူပညာပေး ကွင်းဆင်းဆောင်ရွက်

ညောင်ဦး အောက်တိုဘာ ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့် ဝန်ထမ်းများအဖွဲ့က ညောင်ဦးမြို့နယ် ကန်တောကျေးရွာတွင် တောင်သူပညာပေး ဘက်စုံသုံး သီးနှံစိုက်ပျိုးမြေ ဧက(၃၀၀) စံပြကွက်အဖြစ် သတ်မှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး၊ အဆိုပါ သတ်မှတ်ဆောင်ရွက်ထားရှိသည့် တောင်သူပညာပေး ဘက်စုံသုံး သီးနှံစိုက်ပျိုးမြေ ဧက(၃၀၀)တွင် စိုက်ပျိုးလုပ်ကိုင်နေ သည့်တောင်သူများ သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာ တွင် ဓာတုဆေးဝါးကင်း လွတ်သည့် သီးနှံများ အထွက်နှုန်းကောင်းမွန်ပြီး တောင်သူတစ်ဦးချင်းအလိုက် သီးနှံစိုက်ပျိုးဝင်ငွေ ပိုမိုရရှိနိုင် စေရန် ရည်ရွယ်၍ အောက်တိုဘာ ပထမပတ်က ကောက်ရိုးဖြင့် သဘာဝမြေဩဇာ ပြုလုပ်နည်းအဆင့်ဆင့်အား ပညာပေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ တောင်သူများ သီးနှံအထွက်နှုန်းကောင်းမွန်စေရေး ကောက်ရိုးဖြင့် သဘာဝ မြေဩဇာ ပြုလုပ်နည်း အဆင့်ဆင့်အား တောင်သူပညာပေး ကွင်းဆင်းသရုပ်ပြသ ဆောင်ရွက်ရာတွင် ညောင်ဦးခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင် (မြေ၊ မျိုး၊ ပိုး)တာဝန်ခံ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ညောင်ဦးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီ နှင့် ဝန်ထမ်းများအဖွဲ့က စပါးကောက်ရိုးများဖြင့် သဘာဝ မြေဩဇာပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ပြုလုပ် ဆောင်ရွက်ပေးပြီး၊ သုံးစွဲနည်း စနစ်များကိုလည်း စနစ်တကျ သုံးစွဲသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ “ ကျွန်မ တို့ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ညောင်ဦးမြို့နယ် ကန်တောကျေးရွာ မှာ တောင်သူပညာပေး ဘက်စုံသုံး သီးနှံစိုက်ပျိုးမြေ ဧက(၃၀၀)စံပြကွက် သတ်မှတ်ထားရှိပြီး တောင်သူတွေကို သီးနှံ စိုက်ပျိုးနည်းစနစ်တွေ၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေး ပိုးမွှာရောဂါအန္တရာယ် ကြိုတင်ကာကွယ်နည်း ပညာရပ်တွေ အပြင် ယခုလို သဘာဝ မြေဩဇာ (မြေဆွေး)ပြုလုပ်နည်းတွေကို ကျေးရွာတွေအရောက် ကွင်းဆင်း ပညာပေးဆောင်ရွက် ပေးနေပါတယ်။ အခုလို ဆောင်ရွက်ပေးရတဲ့ရည်ရွယ်ချက်ကတော့ တောင်သူတွေ တစ်ဦးချင်းအလိုက် သီးနှံစိုက်ပျိုးဝင်ငွေ ပိုမိုရရှိပြီး လူနေမှုဘဝအဆင့်အတန်းလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် သီးနှံစိုက်ခင်းများမှ ထွက်ရှိတဲ့ သီးနှံတွေ ကိုလည်း ဓာတုဆေးဝါး ကင်းစင်သည့် စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်စေရန်တို့ကို ရည်ရွယ်ပြီး တော့ ဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်။ အခု အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ညောင်ဦးမြို့နယ် ကန်တော ကျေးရွာ ဘက်စုံသုံး သီးနှံစိုက်ပျိုးမြေ ဧက(၃၀၀)စံပြကွက်မှာ တောင်သူပညာပေး စိုက်ပျိုးထားရှိတဲ့ သီးနှံတွေကတော့ မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ ဝါးသီးနှံနှင့် မိုးမြေပဲသီးနှံတွေ စိုက်ပျိုးထားရှိ ပေးထားပြီး၊ ဒေသခံတောင်သူတွေကို လည်း သီးနှံ အထွက်နှုန်းကောင်းမွန်စေရန်နှင့် ပိုးမွှားရောဂါ ကျရောက်မှုအန္တရာယ် မဖြစ်အောင် အနီးကပ် ကြပ်မတ် ဆောင်ရွက်ပေးနေ ပါတယ်” ဟု ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဝေထံမှ သိရသည်။