စစ်ကိုင်းမြို့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အားထောက်ခံသည့် အနေဖြင့် ပြည်သူများ စုပေါင်း လမ်းလျှာက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံ ဂုဏ်ပြုသည့်အနေဖြင့် အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် စစ်ကိုင်းမြို့ တော် ဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သော ပြည်သူများ စုပေါင်း လမ်းလျှောက်ပွဲကို စစ်ကိုင်းမြို့ ၌ ပြုလုပ် သည်။

စစ်ကိုင်းမြို့ တကောင်းရပ်ရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ပြည်သူများ စတင် စုဝေးကာ နံနက် ၈ နာရီတွင် ရုံးရှေ့မှ မြို့မဈေးလမ်းအတိုင်း ချင်းစုမီးပွိုင့် မြောက်ဘက်ရှိ ဗိုလ်ချုပ်ကြေးရုပ်တုမှ တစ်ဆင့် အသင်္ခရာစောယွန်းရုပ်တု ရှေ့သို့ စီတန်းလမ်းလျှောက်ကြပြီး လာလမ်းကြောင်းအတိုင်း ပြန်ကြသည်။

ထိုသို့ လမ်းလျှောက်ပွဲပြုလုပ်ရာတွင် ပြည်သူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အား ကြိုဆိုထောက်ခံသောအား ဖြင့် ဓာတ်ပုံ(ဗီနိုင်း)များ ကိုင်ဆောင်ကာ ဂုဏ်ပြုထောက်ခံသည့် ကြွေးကြော်သံ များဖြင့် စီတန်းလမ်းလျှောက်ကြခြင်း ဖြစ်သည်။

အဆိုပါထောက်ခံပွဲတွင် ပြည်သူများ နှင့်အတူ အရပ်ဘက်လူမှုရေးအဖွဲ့အစည်း များ၊ နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ် များပါဝင်ကြပြီး ယာဉ်အ္တရာယ်ကင်းရှင်း ရေးအတွက် သက်ဆိုင်ရာက ယာဉ်လမ်း ကြောင်း ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။