ကာကွယ်ရေးဦးစီးချုပ် သတင်း

Post date: 10/10/2017 - 08:31

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန် ရှိသူများနှင့်အတူ ပျဉ်ပုံကြီးတပ်နယ်ရှိ အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာ ချထားရေးတပ်သို့ ရောက်ရှိပြီး တပ်အတွင်းရှိDYL ဝက်များ မွေးမြူထားရှိမှု၊ နို့စားနွားများ မွေးမြူထားရှိမှု၊ အအေးပေးစနစ်ဖြင့် Novogen Brown ဥစား ကြက်များ မွေးမြူထားရှိမှု၊ မွေးမြူရေးအစာစက်ရုံ၊ Green House ဖြင့် သခွားမွှေး ပင်များ စိုက်ပျိုးထားရှိမှု၊ ပျိုးစေ့များ သိုလှောင်ထုပ်ပိုးနေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

Post date: 09/23/2017 - 21:49

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် အဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၁၁ ရက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် ကျိုင်းတုံမြို့ ဓမ္မောဒယ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တအာဇေယျ၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့ နံနက်ပိုင်းတွင် ဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင် ကျင်းပမည့် ကျိုင်းတုံမြို့ ဘုရားကိုးဆူ ကုန်းပေါ်ရှိ ယာယီစံကျောင်းသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အန္တိမဈာပနသဘင်အား ရိုးရာဓလေ့ထုံးစံများ နှင့်အညီ လုပ်ဆောင်ရေး၊ လာရောက်ဖူးမြော်ကြမည့် ဒါယိကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်များ အတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက် ပေးရေး၊ သောက်ရေ သန့်များ ရရှိရေးနှင့် သန့်စင်ခန်းများ လုံလောက်စွာ ထားရှိရေးတို့ကို မှာကြား သည်။

Post date: 09/22/2017 - 20:34

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၂၆)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်နှင့် တပ်မတော်ဂုဏ်ဆောင် အားကစားသမားများ၊ နည်းပြများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

 
Post date: 09/22/2017 - 08:13

နေပြည်တော်၊ စက်တင်ဘာ - ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အောင်မြေဗောဓိ သာသနာ့ ရိပ်သာ၌ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူ များအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။

Post date: 09/20/2017 - 07:12

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် အဖွဲ့ဝင်များ နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိကြရာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(စစ်တွေ) အစည်းအဝေးခန်းမ၌ တိုင်းမှူးက ၂၀၁၆ ခုနှစ် အောက်တို ဘာလ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် မြောက်ခြမ်း တွင် လုံခြုံရေးအင်အားများ တိုးမြှင့်ချထားလုပ်ဆောင်ခဲ့မှု ၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ နယ်မြေ တည်ငြိမ်အေးချမ်းမှုအရ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ လျှော့ချခဲ့မှု အပေါ်အခွင့် ကောင်းယူပြီး  ARSA အစွန်းရောက်အကြမ်းဖက်သမား များက အကြမ်းဖက်မှုများလုပ်ဆောင်ရန် အင်အားစု ဆောင်းခြင်း၊ သင်တန်းပေး လေ့ကျင့်ခြင်းများ ပြုလုပ်လာမှု၊ ၂၀၁၇ ခုနှစ် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများအတွင်း

Post date: 09/20/2017 - 06:37

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth နှင့် ဇနီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် လေယာဉ်ဖြင့် နေပြည်တော်မှ

Post date: 09/11/2017 - 10:06

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို သက်စွန့် ကြိုးပမ်း ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ARSA အစွန်းရောက် အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူများနှင့် နယ်စပ် ခြံစည်းရိုးကာရံရန် အတွက် ဒုတိယအကြိမ် အလှူငွေများ ပေးအပ်ပွဲ အခမ်းအနားသို့ အမှာစကား ပြောကြားသည်။

Post date: 09/09/2017 - 20:16

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့ နယ်ရှိ၊ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှု လေ့လာသည်။

 
Post date: 09/02/2017 - 07:14

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပသည့် ရခိုင် ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ များ အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက် အမှာစကားပြောကြားသည်။

Post date: 08/30/2017 - 23:14

ပဥ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 5th Thailand-Myanmar Hight Level Committee Meeting သို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် Khon Khan လေဆိပ်မှ ထွက်ခွာကြပြီး ဘန်ကောက်မြို့၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ထ်ိုင်းဘုရင့်လေတပ် Win 6 သို့ရောက်ရှိကြရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် ထိုင်းဘုရင့် တပ်မတော် အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။

Pages