နိုင်ငံတော်သမ္မတသတင်း

Post date: 10/17/2017 - 19:46
ပြည်ထောင်စုသမ္မတ မြန်မာန်ိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စ ရိကာ လာတူ သည် ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
 
Post date: 10/15/2017 - 20:56

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC – 1) တွင် ကျင်းပသည်။

Post date: 10/02/2017 - 17:22

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး

Post date: 10/02/2017 - 17:05

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင်(၃/၂၀၁၇) အစည်း အဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်း အဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေး ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

Post date: 09/19/2017 - 21:04

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စက်တင်ဘာ ၈ ရက်တွင် လိုအပ်သည့် ကျန်းမာရေးဆေးစစ်မှုများ ခံယူရန်အတွက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ သွားရောက် ခဲ့သည်။

Post date: 09/05/2017 - 22:51

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညပိုင်းတွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ သည်။

Post date: 09/05/2017 - 22:28

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်   နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုသည်။

Post date: 08/26/2017 - 10:47

ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ လူကိုယ်တိုင်လာရောက်၍ ယနေ့နံနက် စောစောပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနေမှု အခြေ အနေ များကို တင်ပြခဲ့သည်။

 
Post date: 08/24/2017 - 08:48

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင် အဖွဲ့ဝင်များအား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Post date: 08/17/2017 - 22:14

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

Pages