ဒုတိယသမ္မတ ၂ သတင်း

Post date: 10/10/2017 - 08:34

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

Post date: 10/10/2017 - 08:32

မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်း စီမံချက် (၂၀၁၇) အတည်ပြု မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်း ပြောကြားသည်။

Post date: 09/25/2017 - 19:43

 ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ နှင့်အတူ စက်တင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့  ဂျွန် အက်ဖ် ကနေဒီ (John F Kennedy) အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားလေ ကြောင်းလိုင်း ဖြင့်ထွက်ခွာရာ စက်တင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၂၀ တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ရောက်ရှိကြသည်။

Post date: 09/22/2017 - 08:02

၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၀ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရှိ အထွေထွေညီလာခံခန်းမ၌ ကျင်းပသည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

Post date: 09/20/2017 - 16:33

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်း အနားကို စက်တင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့

Post date: 09/19/2017 - 21:05

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန် ထီးယူသည် စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၆နာရီတွင်  နယူးယောက်မြို့ ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာအမြဲတမ်းကိုယ်စား လှယ်၏နေအိမ်၌ ကိုယ်စားလှယ် အဖွဲ့ရုံးဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ပြီး  အမှာစကားပြောကြားကာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းနှင့် ကိုယ်စားလှယ်အဖွဲ့ရုံး ဝန်ထမ်းများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

Post date: 09/17/2017 - 21:44

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပမည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေ မူဝါဒရေးရာ ဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်ရန် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် စက်တင် ဘာ ၁၆ ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၇နာရီ ၃၅ မိနစ်တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

Post date: 09/17/2017 - 08:32

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒ ရေးရာဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ရန် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

Post date: 09/05/2017 - 22:22

အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ တတိယအကြိမ် ရှေ့လုပ်ငန်းစဉ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။

Post date: 08/30/2017 - 22:53

အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ( National Road Safety Council – NRSC) ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

Pages